Saturday, April 1, 2023

တူကီယဲလွှတ်တော်အနေဖြင့် ဖင်လန်နိုင်ငံအား NATO မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရေးအပေါ် လက်ခံသဘောတူညီရန် တရားဝင်ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း

တူကီယဲလွှတ်တော်အနေဖြင့် ဖင်လန်နိုင်ငံအား NATO မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရေးအပေါ်  လက်ခံသဘောတူညီရန် တရားဝင်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု Resmi Gazete တူကီယဲအစိုးရသတင်းစာ၌ ထုတ်ပြန်ခဲ့ကြောင်း Tass သတင်းဌာနက ဧပြီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲလွှတ်တော်သည် ဖင်လန်နိုင်ငံအား NATO အဖွဲ့ဝင်အဖြစ် လက်ခံသင့် /မသင့်နှင့်စပ်လျဉ်း၍ မတ်လ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည့် မဲခွဲဆုံးဖြတ်မှုအတွင်း ဥပဒေပြုအမတ် ၂၇၆ ဦးထောက်ခံခဲ့သဖြင့်  ဖင်လန်နိုင်ငံသည် NATO မဟာမိတ်အဖွဲ့သို့ဝင်ရောက်ရန် တရားဝင်ရပ်တည်ချက်ရရှိခဲ့ပါသည်။ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ၂၀၂၂ ခုနှစ်၊ မေလတွင် NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ပြုရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တူကီယဲနိုင်ငံအနေဖြင့် ၎င်းနိုင်ငံတို့၏ ဝင်ရောက်ခွင့် ‌တောင်းဆိုမှုနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment