Thursday, April 20, 2023

ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးဆိုင်ရာ အတည်ပြုလက်မှတ်ရေးထိုးမှုများအား လုပ်ဆောင်သွားသင့်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ခြင်း

 

တူကီယဲနှင့်ဟန်ဂေရီနိုင်ငံတို့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ လစ်သူရေးနီးယားနိုင်ငံ၊ ဗေးလ်နီးယက်စ် (Vilnius) မြို့၌ပြုလုပ်မည့် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးဆိုင်ရာ အတည်ပြုလက်မှတ်ရေးထိုးမှုများအား လုပ်ဆောင်သွားသင့်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင် (Llyod Austin) က ပြောကြားခဲ့သည်ဟု Euractiv သတင်းဌာနက ဧပြီလ ၂၀ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ လွိုက်အော်စတင်အနေဖြင့် ဆွီဒင်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဆွီဒင်နိုင်ငံအနေဖြင့် ၎င်းထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ရောက်လာနိုင်မည်ဟု ၎င်းအနေဖြင့် ယုံကြည်လျက် ရှိကြောင်း အော်စတင်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment