Monday, April 10, 2023

TCG Andalou အမည်ရှိ လေယာဉ်တင်သင်္ဘောအသစ်သည် တူကီယဲ ရေတပ်၌ ဧပြီလ ၁၀ ရက်တွင် တပ်တော်ဝင်ခဲ့ခြင်း

TCG Andalou အမည်ရှိ လေယာဉ်တင်သင်္ဘောအသစ်သည် တူကီယဲ ရေတပ်၌ ဧပြီလ ၁၀ ရက်တွင် တပ်တော်ဝင်ခဲ့ကြောင်း တူကီယဲအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်ဟု Flightglobal သတင်းဌာန က ဧပြီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ TCG Andalou လေယာဉ်တင်သင်္ဘောသည် မောင်းသူမဲ့လေယာဉ် (UAVs) မျိုးစုံနှင့် ရဟတ်ယာဉ်များအား သယ်ဆောင်နိုင်သည့် အပေါ့စားလေယာဉ်တင်သင်္ဘောဖြစ်ပြီး တိုက်လေယာဉ်များအား တင်ဆောင်နိုင်ခြင်း မရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ၎င်းလေယာဉ်တင်သင်္ဘာသည် အကြီးဆုံးနှင့်အလေးဆုံးရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ သယ်ဆောင် နိုင်သည့် ကမ္ဘာ့ပထမဆုံး စစ်သင်္ဘောတစ်စင်းဖြစ်ကြောင်း လေယာဉ်တင်သင်္ဘော တပ်တော်ဝင်ခြင်းအခမ်းအနား၌ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment