Anadolu Agency; May-26(Fri)
ဂျာမနီနိုင်ငံအနေဖြင့် ဆိုက်ပရပ်စ်တွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားလျက် ရှိသည့် နိုင်ငံရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းရန်အတွက် အကူအညီပေးအပ်ရန် အသင့်ရှိကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှို (Olaf Scholz) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက မေလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အိုလက်ဖ်ရှိုသည် ဂရိဆိုက်ပရပ်စ်ခေါင်းဆောင် နီကိုးစ်ခရစ္စတိုဒိုလီဒစ် (Nikos Christodoulidis) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဂျာမနီနိုင်ငံ၊ မြို့တော် ဘာလင်တွင်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲဆိုက်ပရပ်စ်နှင့် ဂရိဆိုက်ပရပ်စ်တို့အကြားတွင် ကုလသမဂ္ဂဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြာမီပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ဆိုက်ပရပ်စ်အား ဇုန်နှစ်ခုပါဝင်သော ဖက်ဒရယ်နိုင်ငံဖြစ်လာရေးနှင့် လူမျိုးစု နှစ်ခုစလုံးကို ကိုယ်စားပြုသောခေါင်းဆောင်က ကွပ်ကဲအုပ်ချုပ်သည့် နိုင်ငံတစ်ခု ဖြစ်လာစေရေးကို ဂျာမနီနိုင်ငံက ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းအချက် များသည် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ဖြစ်သော အခြေခံစည်းမျဉ်းများနှင့်ကိုက်ညီကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။ ထို့ပြင် ကုလသမဂ္ဂ၏ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို ဂျာမနီနိုင်ငံအနေဖြင့် ထောက်ခံကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက တောင်းဆိုပါက ဆွေးနွေးပွဲများတွင် ပါဝင်ကူညီရန် အသင့်ဖြစ်နေ ကြောင်း အိုလက်ဖ်ရှိုက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။၇။ တူကီယဲနိုင်ငံသည် နိုင်ငံအတွင်းရှိ ဆီးရီးယားဒုက္ခသည်များအား ၎င်းတို့နိုင်ငံသို့ ဆန္ဒအလျောက်နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မေလ ၂၅ ရက်တွင် ပြောကြား ခဲ့သည်ဟု Anadolu Agency သတင်းဌာနက မေလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆီးရီးယားမြောက်ပိုင်းတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အိုးအိမ်များ တည်ဆောက်လျက်ရှိသည့်အပြင် ကာတာနိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် ဒုက္ခသည် ၁ သန်းထိ လက်ခံနိုင်သည့် အိမ်များဆောက်လုပ်ရန်လည်း လုပ်ဆောင်လျက်ရှိကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ဆီးရီးယားနိုင်ငံမှ ထွက်ပြေးလာသူများအတွက် တံခါးဖွင့်မူဝါဒကို ချမှတ်ခဲ့ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment