Defense Gov; May–23(Tue)
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd J. Austin) နှင့် ချက်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီး ဂျနာဆာနိုချိုဗာ (Jana Cernochova) တို့သည် နှစ်နိုင်ငံအကြားလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ်ကို မေလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အော်စတင်နှင့် ဆာနိုချိုဗာတို့သည် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုများ ပိုမိုခိုင်မာစေရန်၊ NATO အဖွဲ့၏ စစ်ဆင်ရေးများကို တိုးမြှင့်ရန်၊ အတ္တလန္တိတ်ဖြတ်ကျော်လုံခြုံရေးကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံအကျိုး စီးပွားကို ကာကွယ်ရန်ရည်ရွယ်၍ ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများကို ပိုမို နက်ရှိုင်းစေမည့်အပြင် အပြန်အလှန်လုပ်ဆောင်နိုင်မှုများကို မြှင့်တင်နိုင်ခြင်း၊ NATO အဖွဲ့ကို အားကောင်းလာစေခြင်းနှင့် ဥရောပတွင် တည်ငြိမ်မှုတိုးမြင့်လာစေခြင်းတို့ကို ဖြစ်ပေါ် လာစေနိုင်ကြောင်း အော်စတင်က ပြောကြားခဲ့ပါသည်။ချက်သမ္မတနိုင်ငံက NATO တပ်ဖွဲ့ဝင်များ၏ ဥရောပအရှေ့ပိုင်းတွင် ကာကွယ်ရေး ဆိုင်ရာ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းကိုလည်း အော်စတင်က ပြောကြားခဲ့ ပါသည်။ အမေရိကန်သည် ဥရောပလုံခြုံရေးနှင့်ပတ်သက်၍ အခိုင်အမာပါဝင်နေဆဲဖြစ်ပြီး ချက်သမ္မတနိုင်ငံ၏ အရေးအကြီးဆုံးမဟာမိတ်ဖြစ်သည့်အတွက် ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် ဝမ်းမြောက်မိကြောင်းနှင့် အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ဆာနိုချိုဗာက ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
No comments:
Post a Comment