TVP World; May-30(Tue)
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံနှင့် အခြားဥရောပနိုင်ငံ ၂၀ မှ ခေါင်းဆောင် များသည် ဆိုဗီယက်အဖွဲ့ဝင်ဟောင်း မော်လ်ဒိုဗာနိုင်ငံနှင့် အိမ်နီးချင်း ယူကရိန်းနိုင်ငံတို့ အပေါ် ထောက်ခံကြောင်းပြသမှုတစ်ရပ်အနေဖြင့် ဇွန်လ ၁ ရက်တွင် မော်လ်ဒိုဗာနိုင်ငံ၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း TVP World သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ယူကရိန်း နိုင်ငံသည် အနောက်နိုင်ငံများထံမှ ရရှိထားသည့် လက်နက်များအသုံးပြု၍ ရုရှားတို့ သိမ်းပိုက်ထားသည့်နယ်မြေများအား ပြန်လည်ရရှိရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု တစ်ရပ်ပြုလုပ်ရန်ပြင်ဆင်နေစဉ် အဆိုပါတွေ့ဆုံမှုအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါ သည်။ ၎င်းတို့သည် တွေ့ဆုံမှုအတွင်း ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံတို့၏ ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် လျှောက်ထားမှုများအား ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါသည်။ထို့ပြင် ဆိုက်ဘာလုံခြုံရေး၊ နေရပ်ရွှေ့ပြောင်းသွားလာရေးနှင့် စွမ်းအင်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား မကြာ သေးမီက ဖြစ်ပွားခဲ့သည့် တင်းမာမှုအခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံ တို့သည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဥရောပ သမဂ္ဂသို့ အဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment