Wednesday, July 5, 2023
ဂျေရုစလင်မြို့ရှိ Al-Aqsa ဗလီကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ လုပ်ဆောင်ချက်များသည် လက်မခံနိုင်သည့်ကိစ္စရပ်များဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီး ကပြောကြားခဲ့ခြင်း
ဂျေရုစလင်မြို့ရှိ Al-Aqsa ဗလီကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ လုပ်ဆောင်ချက်များသည် လက်မခံနိုင်သည့်ကိစ္စရပ်များဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီး ဟာကန်ဖီဒန် (Hakan Fidan) က ဇူလိုင်လ ၆ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement) ၏ ဝန်ကြီး များအစည်းအဝေး၌ ပြောကြားခဲ့ပါသည်။ အစ္စရေးသည် ၎င်းတို့သိမ်းပိုက်ထားရှိသည့် အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်းလူမျိုးများ၏ ပိုင်နက်နယ်မြေများတွင်း အခြေချအိမ်ရာ များတည်ဆောက်ခြင်းကဲ့သို့သော တစ်ဖက်သတ်လုပ်ဆောင်ချက်များကို လုပ်ဆောင် လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်း၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကျွန်ုပ်တို့အားလုံး ကူညီဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းသည် အရှေ့အလယ်ပိုင်းဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တစ်ခုတည်းသောမူဝါဒ တစ်ရပ်ဖြစ်သည်ဟု ဖီဒန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment