Tuesday, July 18, 2023

တူကီယဲသမ္မတသည် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလျက်ရှိခြင်း

Trtworld; Jul-18(Tue)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဒေသတွင်းဆက်ဆံရေးခိုင်မာအားကောင်းစေရန်အတွက် ၎င်း၏ ၃ ရက်ကြာ ပင်လယ်ကွေ့ ဒေသခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလျက်ရှိကြောင်း Trtworld သတင်းဌာနက ဇူလိုင်လ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန် အနေဖြင့် ဆော်ဒီအာရေဗျခရီးစဉ်ပြီးနောက် ကာတာနှင့်ယူအေအီးနိုင်ငံတို့သို့ အသီးသီး ဆက်လက်သွားရောက်မည်ဖြစ်ပါသည်။ ပင်လယ်ကွေ့ ၃ နိုင်ငံခရီးစဉ်အတွင်း ၎င်းနိုင်ငံ များနှင့် သံတမန်ဆက်ဆံရေးမြှင့်တင်သွားရန်နှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များကို အပြီးသတ်လုပ်ဆောင်လိုကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။

ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီနှင့်တူကီယဲတို့အကြား ခိုင်မာသောဆက်ဆံရေး မှတစ်ဆင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ချဲ့ထွင်လိုကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံသည် ဒေသ တွင်း၌ အရေးပါဆုံးနိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကန်ထရိုက် ဝန်ဆောင်မှုများကဲ့သို့သော ကဏ္ဍများတွင် အရေးပါသောနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည် လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဆော်ဒီတွင် တူကီယဲနိုင်ငံ၏ ကန်ထရိုက်တာများဆောင်ရွက်ခဲ့သော စီမံကိန်းများ၏ တန်ဖိုးသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်းနှင့် ဆော်ဒီ၏ စီမံကိန်းကြီးများတွင် တူကီယဲကုမ္ပဏီများကို ပိုမိုအရေးပါသောအခန်းကဏ္ဍမှ ပါဝင်စေလို သည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment