Friday, July 14, 2023

ကနေဒါနိုင်ငံသည် တူကီယဲနိုင်ငံအပေါ် မောင်းသူမဲ့လေယာဉ်အစိတ်အပိုင်းများနှင့်ပတ်သက်၍ ပို့ကုန်ထိန်းချုပ်မှုရုပ်သိမ်းခဲ့ခြင်း

    NATO အဖွဲ့သို့ ဆွီဒင်နိုင်ငံဝင်ရောက်ခွင့်ကို တူကီယဲနိုင်ငံက လိုက်လျောပေးခဲ့ ပြီးနောက် ကနေဒါနိုင်ငံသည် မောင်းသူမဲ့လေယာဉ်အစိတ်အပိုင်းများနှင့်ပတ်သက်၍ ပို့ကုန်ထိန်းချုပ်မှုရုပ်သိမ်းရေးဆိုင်ရာဆွေးနွေးပွဲများကို တူကီယဲနိုင်ငံနှင့် ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြောင်း Reuters သတင်းဌာနက ဇူလိုင်လ ၁၄ ရက်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါပို့ကုန်ထိန်းချုပ်မှုများသည် လက်ရှိအချိန်အထိ တည်မြဲနေဆဲပင် ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါသည်။ နာဂေါ်နို-ကာရာဘတ်ခ် ဒေသတွင်ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခတွင် အဇာဘိုင်ဂျန်တပ်ဖွဲ့များက ကနေဒါနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်အစိတ်အပိုင်းများကို အသုံးပြုခဲ့ကြောင်း ကောက်ချက်ချခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ကနေဒါသည် တူကီယဲသို့ မောင်းသူမဲ့လေယာဉ်နည်းပညာအချို့ တင်ပို့မှုကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment