အီဂျစ်နှင့် တူကီယဲနိုင်ငံတို့သည် ဇူလိုင်လ ၄ ရက်တွင် နှစ်နိုင်ငံအပြန်အလှန် သံအမတ်အသစ်များခန့်အပ်ပြီး ၎င်းတို့၏ သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်ဟု DW သတင်း ဌာနက ဇူလိုင်လ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ယခုကဲ့သို့ သံတမန်များ အပြန်အလှန် ခန့်အပ်ခြင်းသည် နှစ်နိုင်ငံအကြားတွင် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးခိုင်မာအားကောင်းစေရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ ၎င်းတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah el-Sisi) အာဏာရခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းတွင် ဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment