ABC; Jul-7(Fri)
ရိုမေးနီးယားအနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံများနှင့် အခြားမိတ်ဖက်နိုင်ငံများမှ F-16 အမျိုးအစားတိုက်လေယာဉ်မှူးများအတွက် ဒေသတွင်းလေ့ကျင့်ရေးကွင်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ရိုမေးနီးယားသမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်ဟု ABC သတင်းဌာနက ဇူလိုင်လ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ ရိုမေးနီးယားနိုင်ငံ၊ မြို့တော် ဘူခါရတ် (Bucharest) ၌ ကျင်းပပြုလုပ်ခဲ့သော အမျိုးသား ကာကွယ်ရေးကောင်စီ (CSAT) အစည်းအဝေးအတွင်း အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလေ့ကျင့်ရေးကွင်းတွင် ရိုမေးနီးယားလေယာဉ်မှူးများအား ကနဦး လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး ယူကရိန်းအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် NATO အဖွဲ့ဝင် နိုင်ငံများမှ F-16 အမျိုးအစား တိုက်လေယာဉ်မှူးများအား နောက်ပိုင်းတွင် လေ့ကျင့်သင်ကြား နိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရိုမေးနီးယား၏ ၎င်းလေ့ကျင့်ရေးကွင်းဖွင့်လှစ်မှုသည် ဒေသတွင်း F-16 အမျိုးအစား တိုက်လေယာဉ်မှူးများ လေ့ကျင့်ရေးနယ်ပယ်တွင် ဦးဆောင်ဦးရွက်ပြုသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိကြောင်းနှင့် ဒေသတွင်းစည်းလုံးညီညွတ်မှုကိုမြှင့်တင်ရန်၊ ညီညွတ်ခြင်းကို ပြသရန်နှင့် ဥရောပ-အတ္တလန္တိတ်ခြိမ်းခြောက်မှုများနှင့် ကာကွယ်ရေးကဏ္ဍကို ခိုင်မာ အားကောင်းစေရန်ရည်ရွယ်ကြောင်း အမျိုးသားကာကွယ်ရေးကောင်စီ (CSAT) ထုတ်ပြန် ခဲ့ပါသည်။ သို့သော် အဆိုပါလေ့ကျင့်ရေးကွင်းအား မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။ CSAT သည် ရိုမေးနီးယား လေတပ်ကို ခေတ်မီစေရန်အတွက် အမေရိကန်ထုတ် F-35 အမျိုးအစား တိုက်လေယာဉ် များအားဝယ်ယူရန် ပြီးခဲ့သည့်ဧပြီလက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment