Tuesday, July 11, 2023

တူကီယဲနှင့် အမေရိကန်သမ္မတတို့သည် NATO ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ခြင်း

Anadolu Agency; Jul-11(Tue)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့သည် NATO ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအဖြစ် ဇူလိုင်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ဒေသတွင်းဆိုင်ရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အပြုသဘောဆောင်သော ရလဒ်များကို မျှော်မှန်းထားကြောင်း သမ္မတ အာဒိုဂန်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း တူကီယဲနှင့် အမေရိကန်နိုင်ငံတို့သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ဆက်ဆံရေး၊ လုံခြုံရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုအခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်းကိုလည်း တူကီယဲဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့ဝင်ဖြစ်ရေးအစီအစဉ်နှင့်ပတ်သက်၍ ဆွီဒင်ဝန်ကြီးချုပ် အူဖ်ခရစ်တာဆွန် (Ulf Kristersson) ၊ NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတို တန်ဘာ့ဂ် (Jen Stoltenberg) နှင့် တူကီယဲသမ္မတတို့အကြား လွှတ်တော်သို့ အတည် ပြုချက်ပေးပို့ရန် သဘောတူညီခဲ့မှုနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုခဲ့ကြောင်းကိုလည်း သမ္မတ ဘိုင်ဒင်က ပြောကြားခဲ့ပါသည်။ သမ္မတနှစ်ဦးသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည့် ကြိုးပမ်းမှုများ၊ ကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဦးစားပေးကိစ္စရပ်များ၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၊ ယူကရိန်းအရေးဆိုင်ရာ ကိစ္စရပ်များ၊ အေဂျီယန် (Aegean) အရေးအပါအဝင် ဒေသတွင်းအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ NATO ခေါင်းဆောင် ၃၁ ဦးသည် လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) ၌ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေး အတွင်း ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ၊ ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် ထိန်းချုပ်ဟန့်တားမှုများကို အားကောင်းစေမည့် ဆောင်ရွက်ချက် များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment