Wednesday, August 2, 2023

တူကီယဲနယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့များသည် ဖယ်တူလာအကြမ်းဖက် အဖွဲ့ ဝင်အချို့ကို ဖမ်းဆီးရမိခဲ့ခြင်း

     တူကီယဲနယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့များသည် မွတ်စလင်ဘာသာရေးတရားဟော ဆရာ ဖဲတူလာဂူလန် (Fetullah Guler) ကို ထောက်ခံသည့် ဖယ်တူလာအကြမ်းဖက် အဖွဲ့ (Fetullah Terror Organization-FETO) နှင့်ဆက်စပ်လျက်ရှိသည်ဟု သံသယ ဖြစ်ဖွယ်လူ ၂ ဦးကို အီဒါးနီ (Edirne) မြို့၏ အနောက်မြောက်ပိုင်းစီရင်စု၌ ဖမ်းဆီး ရမိခဲ့ကြောင်း Xinhua သတင်းဌာနက ဩဂုတ်လ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့ ၂ ဦးသည် ဂရိနိုင်ငံသို့ တရားမဝင်သွားရောက်ရန် ကြိုးစားခဲ့ခြင်းကြောင့် အစ်ဆာလာ (Ipsala) မြို့အနီး ပထမအဆင့်စစ်ရေးတားမြစ်ဇုန်၌ လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း FETO အဖွဲ့နှင့် ဆက်စပ်လျက်ရှိသည်ဟု ယုံကြည်ကြောင်း တူကီယဲအာဏာပိုင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment