Sunday, August 27, 2023

တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် သတ္တုလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာတစ်ရပ်လက်မှတ်ရေးထိုးခဲ့ခြင်း

Anadolus Agency; Aug-28(Mon)

တူကီယဲနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် နှစ်နိုင်ငံအကြား သတ္တုလုပ်ငန်း ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းဖော်ဆောင်ပေးနိုင်မည့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တူကီယဲစွမ်းအင်နှင့် သဘာဝအရင်း အမြစ်ဝန်ကြီး အယ်ပါဆလန်ဘေရက်ကာ (Alparslan Bayraktar) က ပြောကြားခဲ့ သည်ဟု Anadolus Agency သတင်းဌာနက ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆော်ဒီအာရေဗျစက်မှုနှင့် သတ္တုအရင်းအမြစ်ဝန်ကြီး ဘန်ဒါအယ်ခိုရရက်ဖ် (Bandar Alkhorayef) သည် ဩဂုတ်လ ၂၈ ရက်တွင် တူကီယဲနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် အဆိုပါသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဘေရက်ကာက ပြောကြားခဲ့ပါသည်။ သဘောတူညီချက်တွင် နှစ်နိုင်ငံအကြား သတ္တုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပါအဝင် နောက်ဆုံးပေါ်ခေတ်မီနည်းပညာများ၊ ဆိုလာပြားများနှင့် လျှပ်စစ်ကားများထုတ်လုပ်မှု ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်ပါသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် ဟိုက်ဒရိုဂျင်၊ လေနှင့်နေရောင်ခြည်စွမ်းအင် စသည့် အရင်းအမြစ်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု မဂ္ဂါဝပ် ၅,၀၀၀ အထိ ရောက်ရှိရန်မျှော်မှန်းထားကြောင်း ဘေရက်ကာက ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံ အနေဖြင့် ၎င်းတို့နိုင်ငံအတွင်း လူဦးရေနှင့်စက်မှုလုပ်ငန်းများ တိုးပွားလာသောကြောင့် စွမ်းအင်လိုအပ်ချက်တိုးလာမှုနှင့်အညီ စွမ်းအင်မှီခိုမှုလျှော့ချရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ဘေရက်ကာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Ref; Türkiye, Saudi Arabia ink deal to boost mining sector cooperation

No comments:

Post a Comment