Malaymail; Aug-6(Sun)
ပိုလန်နိုင်ငံအလယ်ပိုင်း၌ ဩဂုတ်လ ၅ ရက်တွင် ရေနံယိုစိမ့်မှုဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံမှ ဥရောပသို့ တင်ပို့လျက်ရှိသည့် Druzhba ရေနံပိုက်လိုင်းအား ရေနံ ပေးပို့မှုကို ရပ်တန့်ခဲ့ကြောင်း PERN အမည်ရှိ ပိုလန်ရေနံပိုက်လိုင်းကုမ္ပဏီက ပြောကြား ခဲ့ပါသည်။ Druzhba ပိုက်လိုင်း၏ ရေနံပေးပို့မှုကို ဩဂုတ်လ ၈ ရက်တွင် ပြန်လည် စတင်နိုင်မည်ဟု မျှော်လင့်ရကြောင်း PERN ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်မှစ၍ ရုရှား၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များပေးပို့သည့်ပိုက်လိုင်းများကို တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားခဲ့သော်လည်း ယခုပိုက်လိုင်းပေါက်ကွဲယိုစိမ့်ရသည့်အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
အဆိုပါပိုက်လိုင်းသည် ရေနံစိမ်းကို ပင်လယ်ပြင်မှတစ်ဆင့် အနောက်နိုင်ငံ များသို့ အဓိကပို့ဆောင်ပေးသည့်ပိုက်လိုင်းဖြစ်ပါသည်။ PERN ကုမ္ပဏီပြင်ဆင်ရေး အဖွဲ့အနေဖြင့် ယိုစိမ့်မှုဖြစ်ပွားသည့် ပိုက်လိုင်းနေရာကို ဖြတ်ထုတ်လိုက်ပြီဖြစ်ပြီး ယိုစိမ့်မှုပမာဏမှာများပြားမှုမရှိကြောင်း၊ ဒုတိယပိုက်လိုင်းသည် ပုံမှန်အတိုင်းလည်ပတ် လျက်ရှိပြီး ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုမရှိကြောင်း PERN ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ဂျာမနီနိုင်ငံ၏ စွမ်းအင်ကဏ္ဍ အပေါ် မည်မျှသက်ရောက်မှုရှိသည်ကို PERN ကုမ္ပဏီက မပြောကြားခဲ့သော်လည်း ဂျာမနီအစိုးရအနေဖြင့် အရှေ့ဂျာမနီရှိ ရေနံချက်စက်ရုံများ၊ ကုမ္ပဏီများနှင့် ဆက်သွယ်မှု ရရှိကြောင်းနှင့် ဂျာမနီနိုင်ငံ၏ စွမ်းအင်ဖူလုံမှုမှာ အပြည့်အဝအာမခံချက်ရှိကြောင်း ဂျာမနီနိုင်ငံ၊ မြို့တော် ဘာလင်ရှိ ဗဟိုစီးပွားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment