Monday, August 7, 2023

ပိုလန်-ဘီလာရုဇ်နယ်စပ်တွင် ပိုလန်တပ်ဖွဲ့ဝင် ၁,၀၀၀ ဦး ခန့်ထပ်မံတိုးမြှင့်ချ ထားရန် ပိုလန်အစိုးရက သဘောတူညီခဲ့ခြင်း

     ပိုလန်-ဘီလာရုဇ်နယ်စပ်တွင် ပိုလန်တပ်ဖွဲ့ဝင် ၁,၀၀၀ ဦး ခန့်ထပ်မံတိုးမြှင့်ချ ထားရန် ပိုလန်အစိုးရက သဘောတူညီခဲ့ကြောင်း DW သတင်းဌာနက ဩဂုတ်လ ၈ရက် တွင် ဖော်ပြခဲ့ပါသည်။ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုများ မြင့်တက်လာမှု နှင့် နှစ်နိုင်ငံနယ်စပ်အနီးသို့ Wagner တပ်ဖွဲ့များ ရောက်ရှိလာမှုတို့ကြောင့် ပိုလန်နယ်ခြား စောင့်တပ်ဖွဲ့က တပ်ဖွဲ့ဝင်အင်အားကိုတိုးမြှင့်ချထားပေးရန် တောင်းဆိုခဲ့ပြီးနောက် ပိုလန်အစိုးရက အထက်ပါအတိုင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တစ်နှစ်လုံးတွင် ပိုလန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူ ၁၆,၀၀၀ ဦးခန့်သာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁၉,၀၀၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့အကြီး အကဲက ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် ပိုလန်-ဘီလာရုဇ်နယ်စပ်၌ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅,၀၀၀ ဦးနှင့်အတူ ပိုလန်စစ်ဘက်တပ်ဖွဲ့ဝင် ၂,၀၀၀ ဦးခန့် တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment