Wednesday, August 9, 2023

ပိုလန်နိုင်ငံအနေဖြင့် ဘီလာရုဇ်နယ်စပ်တစ်လျှောက်၌ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးခန့် တပ်ဖြန့် ချသွားရန် ပြင်ဆင်လျက်ရှိခြင်း

     ပိုလန်နိုင်ငံအနေဖြင့် ဘီလာရုဇ်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်လျက် ရှိစဉ်အတွင်း ပိုလန်-ဘီလာရုဇ်နယ်စပ်တစ်လျှောက်၌ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦးခန့် တပ်ဖြန့် ချသွားရန် ပြင်ဆင်လျက်ရှိကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) က ဩဂုတ်လ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု PBS သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် လာမည့်နှစ်ပတ် အတွင်း နယ်စပ်တစ်လျှောက်သို့ တပ်ဖွဲ့ဝင် ၂,၀၀၀ ဦး တပ်ဖြန့်ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပြီးတစ်ရက်အကြာ နိုင်ငံပိုင်ရေဒီယိုသတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုအတွင်း မာရွတ်ဇ်ဘလက်ဇ်က်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် ဘီလာရုဇ်နိုင်ငံအတွင်း ရုရှားကြေးစားတပ်ဖွဲ့များ တည်ရှိခြင်းအပါအဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူများ၏ တရားမဝင်နယ်စပ် ဖြတ်ကျော်ရန်ကြိုးပမ်းမှုများအပေါ် စိုးရိမ်ပူပန်လျက်ရှိသဖြင့် ထိုကဲ့သို့ တပ်ဖြန့်ချ ထားရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment