Friday, September 1, 2023

ပါကစ္စတန်နှင့် တူကီယဲနိုင်ငံတို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် ကတိပြုခဲ့ကြောင်း ပါကစ္စတန်လေတပ်ဦးစီးချုပ်က ပြောကြားခဲ့ခြင်း

Nation; Sep-2(Sat)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ၏ ဖိတ်ကြားချက်အရ ပါကစ္စတန်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇာဟီးအာမတ်ဘာဘား (Zaheer Ahmed Baber) သည် တူကီယဲလေတပ် ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်ရန် တူကီယဲသို့ သွားရောက်ခဲ့ကြောင်း Nation သတင်းဌာနက စက်တင်ဘာလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပါကစ္စတန်လေတပ်ဦးစီးချုပ် သည် တူကီယဲလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇီးယာဆီမောကေးဒီယိုလူ (Ziya Cemal KADIOgLU) အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံမှုတွင် တူကီယဲလေတပ်နှင့် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ပါကစ္စတန်လေတပ်၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည့်အတွက် တူကီယဲ သမ္မတအား ကျေးဇူးတင်ရှိကြောင်း အာမတ်ဘာဘားက ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် တူကီယဲတို့အကြား နှစ်နိုင်ငံဆက်ဆံရေးသည် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုများကို အခြေခံပြီး ပိုမိုတိုးတက်ခိုင်မာလာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာမတ်ဘာဘားက အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် တူကီယဲ စစ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် အထူးသဖြင့် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု၊ နည်းပညာကဏ္ဍနှင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment