တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ရောက်ရှိနေကြောင်း Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အာဒိုဂန်သည် အဆိုပါအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရန်စီစဉ်ထားပြီး ၎င်း၏မိန့်ခွန်းအတွင်း တူကီယဲနိုင်ငံအနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးလုပ်ငန်းစဉ်များအား ဖော်ဆောင်သွားရေးနှင့်ပတ်သက်၍ အလေးပေး ပြောကြားသွားမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် တူကီယဲနိုင်ငံ၏ ပါဝင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုလည်း ပြောကြားသွားရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment