Cyprus Mail; Sep-19(Tue)
ဆိုက်ပရပ်စ်၏ ထိပ်တန်းနည်းပညာလုပ်ငန်းအဖွဲ့အစည်းဖြစ်သော Tech Island သည် ပြည်ပနည်းပညာကုမ္ပဏီများကိုဆွဲဆောင်နိုင်သည့် နည်းပညာဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း Cyprus Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အစိုးရတာဝန်ရှိသူများနှင့် ဆိုက်ပရပ်စ်နိုင်ငံရှိ နည်းပညာကုမ္ပဏီအသီးသီးမှ အမှုဆောင်အရာရှိများတက်ရောက် ခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့်အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာနည်းပညာကုမ္ပဏီများနှင့် နိုင်ငံတကာနည်းပညာကျွမ်းကျင်ပညာရှင်များကို လာရောက်လုပ်ကိုင်စေရေး စီစဉ်ဆောင်ရွက် ထားကြောင်း TechIsland ကုမ္ပဏီဥက္ကဋ္ဌ ဗဲလန်တီနိုပိုလီကာပေါ့ (Valentinos Polykarpou) က ပြောကြားခဲ့ပါသည်။
ထို့ပြင် နည်းပညာကဏ္ဍ၏ ကြီးထွားလာနေသော လိုအပ်ချက်များကို ဖြည့်ဆည်း ရန်အတွက် လိုအပ်သောအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်လာစေရန် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်း ဗဲလန်တီနိုပိုလီကာပေါ့က အလေးပေးပြောကြား ခဲ့ပါသည်။ လက်ရှိဆွေးနွေးပွဲသည် အရေးပါသည့် နည်းပညာစိန်ခေါ်မှုများကို အဖြေရှာ ဆွေးနွေးသွားရန်ဖြစ်ကြောင်းနှင့် ဆိုက်ပရပ်စ်နိုင်ငံကို ကမ္ဘာ့နည်းပညာအကောင်းဆုံး နိုင်ငံများအကြား ပါဝင်လာစေရန် အခြေခံအုတ်မြစ်ချလုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ TechIsland နည်းပညာကုမ္ပဏီကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆိုက်ပရပ်စ်နိုင်ငံအတွင်း စက်မှုနည်းပညာဖွံ့ဖြိုးတိုး တက်ရေးအခန်းကဏ္ဍတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်း သိရှိရ ပါသည်။
Ref; Cyprus tech sector wants to attract global giants-Ireland seen as blueprint
No comments:
Post a Comment