BelTA; Sep-11(Mon)
တူကီယဲနှင့် ဘီလာရုဇ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံအထိ ရောက်ရှိလာမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် အခြားသော အကြောင်းအရင်းများကြောင့် ကုန်သွယ်မှု၌ အဟန့်အတားဖြစ်နေရကြောင်း ဘီလာရုဇ် နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီး မူစတာဖာအိုဂျန် (Mustafa Özcan) က စက်တင်ဘာလ ၁၁ ရက်တွင် ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (Aleksandr Lukashenko) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ တူကီယဲသည် အနောက်နိုင်ငံများ၊ အနောက်နိုင်ငံများမှ အဖွဲ့အစည်းများနှင့်ဆက်ဆံရေး ပိုမိုနီးကပ်လျက် ရှိပြီး ၎င်းအချက်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ မတိုးတက်လာရခြင်း၏ အကြောင်းအရာအဖြစ် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ဘီလာရုဇ်သည် တူကီယဲအတွက် အလွန်ကောင်းမွန်သည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှုတို့ဖြင့် ချည်နှောင် ထားရာ ၎င်းတို့အကြားပြဿနာရပ်များမရှိကြောင်း၊ ကုန်သွယ်ရေးတွင် အဟန့်အတား ဖြစ်ပေါ်လျက်ရှိသော ကိစ္စရပ်အချို့ကို အတူတကွဖြေရှင်းရန် ရည်ရွယ်ထားကြောင်းလည်း သံအမတ်ကြီး အိုဂျန်က ထည့်သွင်းပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် တူကီယဲနိုင်ငံသို့ သွားရောက်ခဲ့သည့် သမ္မတ လူကာရှန်ကို၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင် များသည် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ တဖြည်းဖြည်း တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြပါသည်။ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်လွန်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ အထိ အမေရိကန်ဒေါ်လာ ၆၇၅ သန်းနီးပါး ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။
Ref: Ambassador: Türkiye and Belarus can reach $1.5 billion in trade
No comments:
Post a Comment