Tuesday, September 19, 2023

တူကီယဲသမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်း

Alarabiya; Sep-20(Wed)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာမှု၏ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် စက်တင်ဘာလ ၁၉ ရက်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Alarabiya သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်စဉ် သီးသန့်တွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ၊ အစ္စရေး-ပါလက်စတိုင်းအရေး၊ စွမ်းအင်၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်တုကဏ္ဍများအပါအဝင် ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် သွားရန်လည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် သဘာဝဓာတ်ငွေ့ရှာဖွေမှု၊ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဲ့သို့သောနယ်ပယ်များတွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်း များနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပါသည်။ တူကီယဲနှင့် အစ္စရေးတို့သည် နီးကပ်သော ဒေသတွင်းမဟာမိတ်ဆက်ဆံရေး ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် တူကီယဲသင်္ဘောတစ်စီးကို အစ္စရေးတို့က ဝင်ရောက်စီးနင်းခဲ့ခြင်း ကြောင့် တူကီယဲနိုင်ငံသား ၁၀ ဦး သေဆုံးခဲ့ရာ တူကီယဲက အစ္စရေးသံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပြီးနောက်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆက်ဆံရေး တင်းမာခဲ့ရခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေးပြန်လည်ကောင်းမွန် ခဲ့သော်လည်း ၂ နှစ်အကြာတွင် ဂါဇာကမ်းမြောင်ဒေသ၌ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်းအများအပြားကို အစ္စရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ခြင်း ကြောင့် တူကီယဲနိုင်ငံသည် ၎င်း၏သံတမန်များကို အစ္စရေးမှပြန်လည်ခေါ်ယူ၍ အစ္စရေး သံတမန်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ခြင်းကြောင့် ဆက်ဆံရေးပြန်လည်တင်းမာ ခဲ့ရပြန်ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Issac Herzog) သည် တူကီယဲနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ခြင်းနှင့်အတူ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ အပြန်အလှန်လာရောက်လည်ပတ်မှုများသည် ဆယ်စုနှစ် တစ်ခုကျော်ကြာ ဆက်ဆံရေးတင်းမာမှုများလျော့ကျစေရေးကို အထောက်အကူဖြစ်စေ ခဲ့ကြောင်း သိရှိရပါသည်။


သုံးသပ်ချက်

တူကီယဲ-အစ္စရေးတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတစ်ရပ်ကို ၁၉၄၉ ခုနှစ်၊ မတ်လတွင် တရားဝင်စတင်ခဲ့ပါသည်။ သို့သော် တူကီယဲနှင့် အစ္စရေးနိုင်ငံတို့အကြား အစ္စရေး-ပါလက်စတိုင်းပဋိပက္ခများ၊ ဂါဇာကမ်းမြောင်ဒေသ၊ ဂျေရုဆလင်အရေးကိစ္စနှင့် စပ်လျဉ်း၍ တင်းမာမှုများမြင့်တက်လာခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဂါဇာကမ်းမြောင် ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် တူကီယဲသင်္ဘောတစ်စီးကို အစ္စရေးတို့က ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် တူကီယဲနိုင်ငံသား ၁၀ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး တူကီယဲက အစ္စရေးသံအမတ်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည့် နောက်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာခဲ့ရပါသည်။ ၂၀၁၆ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ခဲ့သော်လည်း ၂ နှစ်အကြာ ၂၀၁၈ ခုနှစ်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် ပါလက်စတိုင်းအများအပြားကို အစ္စရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ခြင်းကြောင့် တူကီယဲ သည် အစ္စရေးမှ ၎င်း၏သံတမန်များကိုပြန်လည်ခေါ်ယူ၍ အစ္စရေးသံတမန်များကို နိုင်ငံ အတွင်းမှ နှင်ထုတ်ခဲ့ခြင်းကြောင့် ဆက်ဆံရေးပြန်လည်ပြတ်တောက်ခဲ့ရပါသည်။

၎င်းနောက်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာပိုမိုဆိုးရွားလာခဲ့ကာ သံတမန် ဆက်ဆံရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများကို ကြိုးပမ်း လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Issac Herzog) သည် တူကီယဲနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိခဲ့ခြင်းနှင့်အတူ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ၏ အပြန်အလှန် လည်ပတ်မှုများသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆက်ဆံရေးတင်းမာမှုများကို လျော့ပါး စေခဲ့ပါသည်။ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်လာမှု၏ သမိုင်းမှတ်တိုင်တစ်ခု အဖြစ် စက်တင်ဘာလ ၁၉ ရက်တွင် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ သီးသန့်တွေ့ဆုံမှုအဖြစ် နှစ်နိုင်ငံခေါင်းဆောင် များတွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များအပြင် အစ္စရေး-ပါလက်စတိုင်းအရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့သည် စွမ်းအင်၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်တုနှင့် ဆိုက်ဘာလုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် သဘာဝ ဓာတ်ငွေ့ရှာဖွေမှု၊ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဲ့သို့သော နယ်ပယ်များတွင် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍လည်း အဓိကထားဆွေးနွေး ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများသည် သံတမန်ဆက်ဆံရေး အဆင့်အတန်းတစ်ခုအထိရောက်ရှိစေရေးအတွက် မြှင့်တင်ဆောင်ရွက် ရာတွင် များစွာအထောက်အကူဖြစ်စေနိုင်သကဲ့သို့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment