Tuesday, September 19, 2023

ဘူလ်ဂေးရီးယားနိုင်ငံသည် F-16 Block 70 အမျိုးအစား တိုက်လေယာဉ် ၈ စီးဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ခြင်း

ဘူလ်ဂေးရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံရှိ လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီမှ F-16 Block 70 အမျိုးအစား တိုက်လေယာဉ် ၈ စီးဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း Flight Global သတင်းဌာနက စက်တင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်အရ အမေရိကန်ဒေါ်လာ ၁၅၁ သန်း ကုန်ကျမည်ဖြစ်ပြီး ၎င်းတိုက်လေယာဉ်များကို ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ဘူလ်ဂေးရီးယားနိုင်ငံသို့ အပြီးသတ်လွှဲပြောင်းပေးရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနက မျှော်မှန်းထားပါသည်။ လော့ဟိမာတင်ကုမ္ပဏီသည် တောင်ကာရိုလိုင်းနား ပြည်နယ်၊ ဂရင်းဗီလီ (Greenville) မြို့ရှိ F-16 လေယာဉ်ထုတ်လုပ်ရေးနေရာအသစ်တွင် ၎င်းလေယာဉ်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment