၁၀။ ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံတစ်ခုခု၏ ပြင်းထန်
သည့် ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုအား
ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း
ဇန်နဝါရီလ ၄ ရက်တွင် ပြောကြားခဲ့ပြီး တိုက်ခိုက်မှုအခြေအနေအရ ပြည်ပနိုင်ငံတစ်ခုခုမှ လုပ်ဆောင် နိုင်ဖွယ်ရှိသည်ဟု အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်အတွင်းက
လည်း ဥရောပနိုင်ငံအချို့သည် အလားတူတိုက်ခိုက်မှုများပြုလုပ်ခံခဲ့ရကြောင်း ဩစတြီးယား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါဆိုက်ဘာတိုက်ခိုက် ခံရမှုအပေါ် အထူးတပ်ဖွဲ့တစ်ဖွဲ့က ၎င်းတို့၏ သတင်းအချက်အလက်နည်းပညာစနစ်
များဖြင့် တန်ပြန်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်ဟု
ဩစတြီးယားဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment