၉။ ဂရိဝန်ကြီးချုပ် ကူရီယာကော့စ်မီဆိုတာကစ် (Kyriakos Mitsotakis) သည် လာမည့် ဇန်နဝါရီလ ၇ ရက်တွင် အမေရိကန်နိုင်ငံ၊ အိမ်ဖြူတော်သို့ အလည်အပတ် သွားရောက်မည်ဟု ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြခဲ့ပါသည်။ ဝန်ကြီးချုပ် မီဆိုတာကစ်၏ အဆိုပါ အမေရိကန်ခရီးစဉ်သည် နေတိုးအဖွဲ့ဝင်များဖြစ်သည့် ဂရိနှင့် တူရကီတို့အကြား တင်းမာမှုမြင့်တက်နေစဉ်အတွင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ခရီးစဉ် အတွင်း အဆိုပါတင်းမာမှုများနှင့်စပ်လျဉ်း၍ အမေရိကန်ထိပ်တန်းအရာရှိများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နိုင်ဖွယ်ရှိပါသည်။ ဂရိနှင့် တူရကီတို့သည် တရားမဝင်ရွှေ့ပြောင်း ဒုက္ခသည်များအရေးနှင့် စွမ်းအင်တူးဖော်မှုကဏ္ဍအပါအဝင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှု ကိစ္စရပ်များကြောင့် တင်းမာလျက်ရှိပြီး ယခင်၎င်းတို့အကြား တင်းမာမှုများအား အမေရိကန် သမ္မတ ကလင်တန် (Clinton) က ကြားဝင်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment