Friday, January 17, 2020

ခရိုအေးရှားနှင့်ဩစတြီးယားနိုင်ငံတို့အနေဖြင့် လာမည့်မတ်လအတွင်း ကျင်းပ ပြုလုပ်မည့် ဥရောပကောင်စီအဆင့်ဆွေးနွေးပွဲ၌ အယ်လ်ဘေးနီးယားနှင့် မြောက် မက်ဆီဒိုးနီးယားနိုင်ငံတို့အား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေးမှု

 

၁၀။           ခရိုအေးရှားနှင့်ဩစတြီးယားနိုင်ငံတို့အနေဖြင့် လာမည့်မတ်လအတွင်း ကျင်းပ ပြုလုပ်မည့် ဥရောပကောင်စီအဆင့်ဆွေးနွေးပွဲ၌ အယ်လ်ဘေးနီးယားနှင့် မြောက် မက်ဆီဒိုးနီးယားနိုင်ငံတို့အား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေးမှုများဆက်တိုက်ပြုလုပ်စေမည့်ဆုံးဖြတ်ချက် ချမှတ်စေရန် ဆက်လက်တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများက ဇန်နဝါရီလ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ အယ်လ်ဘေးနီးယားနှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံတို့အား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခြင်းသည် ဒေသတစ်ခုလုံးအတွက် ကောင်းမွန်သည့်လက္ခဏာ တစ်ရပ်ပင်ဖြစ်ကြောင်း ခရိုအေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment