Saturday, January 18, 2020

ဂျာမနီ၊ ရုရှား၊ တူရကီနှင့် ပြင်သစ်နိုင်ငံတို့မှ ခေါင်းဆောင်များသည် လစ်ဗျား နိုင်ငံရှိ ပဋိပက္ခများအဆုံးသတ်ရေးနည်းလမ်းများကို ဆွေးနွေး

 

၁၂။         ဂျာမနီ၊ ရုရှား၊ တူရကီနှင့် ပြင်သစ်နိုင်ငံတို့မှ ခေါင်းဆောင်များသည် လစ်ဗျား နိုင်ငံရှိ ပဋိပက္ခများအဆုံးသတ်ရေးနည်းလမ်းများကို ဆွေးနွေးရန်အတွက် ဇန်နဝါရီလ ၁၉ ရက်တွင် ဘာလင်မြို့၌ တွေ့ဆုံသွားမည်ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ပြုလုပ်သည့် အဆိုပါဆွေးနွေးမှုများအား ဂျာမနီစံတော်ချိန် နေ့လယ် ၂ နာရီခန့်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လစ်ဗျားနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြုအစိုးရအဖွဲ့အကြီးအကဲနှင့် ဝန်ကြီးချုပ်ဖြစ်သူ ဖာရတ်ဇ်အယ်လ်ဆာရက်ဂျ် (Fayez al-Sarraj) နှင့် လစ်ဗျားအမျိုးသား တပ်မတော် (LNA) ခေါင်းဆောင် ခါလီဖာဟက်ဖ်တာ (Khalifa Haftar) တို့လည်း တက်ရောက်သွားနိုင်ဖွယ်ရှိပါသည်။ အဆိုပါဆွေးနွေးမှုမတိုင်မီ ထွက်ပေါ်လာသော ကြေညာချက်တစ်ရပ်တွင် ကုလသမဂ္ဂက လစ်ဗျားပဋိပက္ခတွင် ပါဝင်ပတ်သက်လျက် ရှိသည့် နိုင်ငံများအားလုံးအနေဖြင့် ကြားဝင်စွက်ဖက်မှုမပြုရေးအစီအစဉ်တစ်ရပ်နှင့် အပစ်အခတ်ရပ်စဲရေးတစ်ရပ်ကို လက်မှတ်ရေးထိုးသွားနိုင်ရန် မျှော်လင့်ပါသည်ဟု ဖော်ပြ ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment