၁၀။ တူရကီနိုင်ငံအနေဖြင့်
လစ်ဗျားသို့ တိုက်ခိုက်ရေးတပ်ဖွဲ့များအားစေလွှတ်မည် မဟုတ်ဘဲ စစ်ဘက်အကြံပေးနှင့်နည်းပြများကိုသာ
စေလွှတ်သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)က ဇန်နဝါရီလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။
တူရကီနိုင်ငံအနေဖြင့် လစ်ဗျားအမျိုးသားတပ်မတော်၏တပ်ဖွဲ့များ အပေါ် စစ်ရေးလေ့ကျင့်ခန်းများအား တရားဝင်ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလတ်ကာဗူဆိုဂလူ
(Mevlut Cavusoglu) က ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့် လစ်ဗျားနိုင်ငံ၏ အပစ်အခတ်ရပ်စဲရေးနှင့်
နိုင်ငံရေးဖြစ်စဉ်များအပေါ် ထောက်ပံ့မှုများဆက်လက်ပေးအပ်သွားမည်ဟု
ကာဗူဆိုဂလူက ထပ်လောင်းပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment