Tuesday, January 21, 2020

ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား အရပ်ဘက်လေကြောင်းပျံသန်းမှုများ ပြန်လည်စတင်ရန် သဘောတူညီမှုရရှိခဲ့ခြင်း

 


 Reuters;Jan-20(Mon)

              ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် အတွက် အမေရိကန်မှ ကြားဝင်စေ့စပ်မှုများပြုလုပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ နီးပါး ရပ်တန့်လျက်ရှိသည့် အရပ်ဘက်လေကြောင်းပျံသန်းမှုများ ပြန်လည်စတင်သွားရန် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပါသည်။ အဆိုပါသဘောတူညီချက် လက်မှတ်ရေးထိုးမှု အား ဂျာမနီနိုင်ငံ၊ မြို့တော်ဘာလင်ရှိ အမေရိကန်သံရုံး၌ ဇန်နဝါရီလ ၂၀ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုဆိုဗိုသမ္မတ ဟာရှင်တာဆီ (Hashim Thaci) အပါအဝင် အမေရိကန်သမ္မတအကြံပေး ရောဘတ်အိုဘရိုင်ယန် (Robert O’Brien) နှင့် ဂျာမနီနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ရစ်ချက်ဂါနေးလ် (Richard Grenell) တို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် သမ္မတ ဟာရှင်တာဆီက ၎င်းသဘောတူညီချက်သည် ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ဆက်ဆံမှုပြန်လည် ကောင်းမွန်ရေး ကြိုးပမ်ဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။

              အဆိုပါသဘောတူညီချက်တွင် လေကြောင်းပျံသန်းမှုနှင့်ပတ်သက်၍ စတင် ပြုလုပ်မည့် အချိန်ကာလအသေးစိတ်အချက်အလက်များအား ဖော်ပြခဲ့ခြင်းမရှိသော် လည်း လေကြောင်းပျံသန်းမှုနှင့်ပတ်သက်၍ Eurowings လေကြောင်းကုမ္ပဏီမှ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဆားဘီယားမြို့တော် ဘဲဂရိတ် (Belgrade) နှင့် ကိုဆိုဗိုမြို့တော် ပရစ္စတီနာ (Pristina) သည် ကီလိုမီတာ ၃၅၀ ခန့်ကွာဝေးပြီး ၎င်းတို့ အကြား လေကြောင်းပျံသန်းမှုများသည် ၁၉၉၈ ခုနှစ် ကိုဆိုဗိုခွဲထွက်ရေးစစ်ပွဲဖြစ်ပွား ပြီးနောက်ပိုင်း ရပ်နားထားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် ကိုဆိုဗို၌ နေတိုး ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၄,၀၀၀ ခန့် တပ်ဖြန့်ချထားလျက်ရှိပြီး ကိုဆိုဗိုလေကြောင်း အား ထိန်းချုပ်ထားလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment