Turkishminute;Jan-29(Wed)
တူရကီနိုင်ငံအနေဖြင့် တရားစီရင်ရေးကဏ္ဍအား
လွတ်လပ်စွာဆုံးဖြတ် နိုင်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်အောင် ပြုပြင်ပြောင်းလဲရန်
အနောက်နိုင်ငံ များက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ(Geneva) မြို့၌ ဇန်နဝါရီလ ၂၈ ရက်တွင်
ပြုလုပ် ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနှင့်ပတ်သက်သော သုံးသပ်ချက်
(Universal Periodic Review-UPR) ဆိုင်ရာ အစည်းအဝေးတွင်
တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့်
လွတ်လပ်စွာပြောဆိုနိုင်ခွင့်ရှိရေးနှင့် မီဒီယာလွတ်လပ်ခွင့် များအပေါ်ထားရှိသည့် ၎င်း၏ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေအား
ပြန်လည် သုံးသပ်ပြီး ပြုပြင်ပြောင်းလဲသွားရန်လိုအပ်ကြောင်း
အမေရိကန်နှင့် ဂျာမနီတို့ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က တိုက်တွန်းပြောကြားခဲ့ပါသည်။
တူရကီ နိုင်ငံအတွင်းရှိ သတင်းထောက်များ၊
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ရှေ့နေများသည် အကြမ်းဖက်မှုများနှင့် ပတ်သက်နေသည်ဟူသော
စွဲချက်များတွင် ပါဝင်လျက်ရှိနေသည့်အတွက် တူရကီနိုင်ငံ၏
တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေ အား နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်မှုများပြုလုပ်လျက်ရှိပါသည်။
တူရကီနိုင်ငံအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့်
လူ့အခွင့်အရေး လှုပ်ရှားသူများအား စွဲချက်တင်ခြင်းမခံရအောင် လုပ်ကိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း
အမေရိကန်နှင့် ဥရောပနိုင်ငံများက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီ စီးပွားရေး လုပ်ငန်းရှင်
အိုစမန်ကာဗာလာ(Osman Kavala) အား ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သည့် Gezi စက်ရုံဆန္ဒပြမှုတွင်ပါဝင်ခဲ့သည်ဟု
စွပ်စွဲခဲ့ပြီး နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံရလျက်ရှိမှုကို အဆုံးသတ်ရန် လူဇင်ဘတ်နိုင်ငံက
တူရကီအား တိုက်တွန်းပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ဥရောပသမဂ္ဂ၏လူ့အခွင့်အရေး ဆိုင်ရာ
တရားရုံး(European Court of Human Rights-ECtHR) ၏ စီရင် ဆုံးဖြတ်ချက်များအတိုင်း လိုက်နာရန် ချက်သမ္မတနိုင်ငံ၊ ပြင်သစ်နှင့် ဂရိနိုင်ငံတို့ကလည်း တိုက်တွန်းထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment