၄။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald
Trump) ထုတ်ပြန်ကြေညာခဲ့ သော အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအစီအစဉ် (Middle
East Peace Plan) အား ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ရန်အတွက် တူရကီနိုင်ငံသား ရာပေါင်းများစွာ
သည် ဇန်နဝါရီလ ၂၉ ရက်တွင် တူရကီနိုင်ငံမြို့များအတွင်းရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများအရှေ့၌
စုရုံးဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်။ ဒေါ်နယ်ထရမ့်၏ အထက်ပါအစီအစဉ်အပေါ် မကျေနပ်၍ အစ္စတန်ဘူလ်
(Istanbul) မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒပြသူ ၆၀၀ ဉီးခန့်ကလည်းကောင်း၊
အန်ကာရာ (Ankara) မြို့တော်ရှိ အမေရိကန်သံရုံးအား ဆန္ဒပြသူ ၂၀၀ ဉီးခန့်ကလည်းကောင်း
ပိတ်ဆို့ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည့်အတွက် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရပါ သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က
ဂျေရုစလင်အရှေ့ပိုင်းတွင် မြို့တော်တစ်ခု နှင့်အတူ ပါလက်စတိုင်းနိုင်ငံတည်ထောင်သွားရန်အတွက်လည်း
အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment