Xinhua; Jan-19 (Sun)
တူရကီအာဏာပိုင်များသည် ဆိုက်ပရပ်စ်ကမ်းရိုးတန်း၏
တောင်ဘက် ပိုင်းတွင် သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေရန်အတွက် ရာဗက် (Yavuz) သင်္ဘောအား စေလွှတ်သွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ဆိုက်ပရပ်စ်နိုင်ငံက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည့်အပြင်
တူရကီနိုင်ငံ ကိုလည်း ပင်လယ်ဓားပြနိုင်ငံတစ်နိုင်ငံအဖြစ် စွပ်စွဲခဲ့ပါသည်။ အဆိုပါစွပ်စွဲချက်များ
ပါဝင်သည့် ကြေညာချက်ကို ဆိုက်ပရပ်စ်သမ္မတ နီကို့စ်အန်နက်စတာဆီဒက် (Nicos
Anastasiades) က ဇန်နဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၏လုပ်ရပ်များသည်
ဆိုက်ပရပ်စ်နိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးလျက်ရှိသည့်အပြင် နိုင်ငံတကာဥပဒေများကိုလည်း
ချိုးဖောက်လျက်ရှိကြောင်း ဆိုက်ပရပ်စ်သမ္မတက ထပ်လောင်းပြောကြားခဲ့ပါသည်။
No comments:
Post a Comment