Wednesday, January 15, 2020

အိန္ဒိယအစိုးရသည် မလေးရှားနှင့် တူရကီနိုင်ငံတို့မှ ထုတ်ကုန်အချို့တင်သွင်းမှုအား ရပ်ဆိုင်းရန်စီစဉ်လျက်ရှိခြင်း

 

Reuters; Jan – 16 (Thu )

              အိန္ဒိယအစိုးရသည် မလေးရှားနှင့် တူရကီနိုင်ငံတို့မှ ထုတ်ကုန်အချို့ တင်သွင်းမှုအား ရပ်ဆိုင်းရန် စီစဉ်လျက်ရှိကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။  အိန္ဒိယအနေဖြင့် မလေးရှားနိုင်ငံမှ ရေနံ၊ အလူမီနီယံချောင်းများ၊ သဘာဝဓာတ်ငွေ့ရည်၊ ကွန်ပျူတာအစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမှု အား ကန့်သတ်မှုများပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းနှစ်နိုင်ငံမှ အစိုးရတာဝန်ရှိသူ များက ပြောကြားခဲ့ပါသည်။ ထို့ပြင် အိန္ဒိယအစိုးအနေဖြင့် တူရကီနိုင်ငံမှ ရေနံနှင့် စတီး ထုတ်ကုန်တင်သွင်းမှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း အိန္ဒိယအစိုးရအရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။ အိန္ဒိယအစိုးရ၏ သွင်းကုန်ရပ်ဆိုင်းရန်စီစဉ်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောကြားပေးရန် အီးမေးလ်မှတစ်ဆင့် ရေးသားပေးပို့သည့် စာများကိုလည်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားခြင်းမရှိ ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

              ဂျမူးနှင့် ကတ်ရှ်မီးယားဒေသအရေးနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် (Mahathir Mohamad)နှင့် တူရကီသမ္မတ ရီဆတ်တေရစ် အာဒိုဂန် (Recep Tayyip Edrogan) တို့မှ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယအစိုးရ၏ အဆိုပါအစီအစဉ်ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ၎င်းတို့သည် အိန္ဒိယ အစိုးရမှ ၂၀၁၉  ခုနှစ်၌  ကတ်ရှ်မီးယားဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြဋ္ဌာန်းမှုအားရုပ်သိမ်းခဲ့ပြီး ၎င်းဒေသ၌ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည့် အပြင် နိုင်ငံရေးခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းအပေါ် ပြစ်တင်ဝေဖန် ခဲ့ခြင်းဖြစ်ပါသည်။   ကတ်ရှ်မီးယားဒေသ၌ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်း သည် ဥပဒေနှင့်ဆန့်ကျင်သည်ဟု အိန္ဒိယတရားရုံးချုပ်က ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment