Wednesday, January 15, 2020

ပိုလန်ဝန်ကြီးချုပ် မာတူမိုရာဝီစကီ (Mateusz Morawiecki) သည် ချက်သမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဗဟိုဥရောပ (၄)နိုင်ငံအဖွဲ့ (Visegrad Group - V4) ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်

 

၉။           ပိုလန်ဝန်ကြီးချုပ် မာတူမိုရာဝီစကီ (Mateusz Morawiecki) သည်                 ချက်သမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဗဟိုဥရောပ (၄)နိုင်ငံအဖွဲ့ (Visegrad Group - V4) ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဇန်နဝါရီလ ၁၆ ရက်တွင် ချက်သမ္မတ နိုင်ငံမြို့တော် ပရက်ဂ် (Prague) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဩစတြီးယားဝန်ကြီးချုပ် ဆီဘတ်စတန်ကာ့ဇ် (Sebastian Kurz) လည်း တက်ရောက် မည်ဖြစ်ပြီး V-4 အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ချက်၊ ဟန်ဂေရီ၊ ပိုလန်နှင့် ဆလိုဗက်ကီးယား တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးမှု၌ ဥရောပဒေသစိမ်းလန်းစိုပြေရေးဆိုင်ရာ သဘောတူညီချက်များအပါအဝင် အလုပ်သမား များရေးရာနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ ဥရောပသမဂ္ဂ၏ဘဏ္ဍာရေးအသုံးစရိတ် ကိစ္စရပ်များ၊ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသွား မည်ဖြစ်သည်ဟု ပိုလန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပိုင်အိုမူလာ (Piotr Muller)က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment