Thursday, January 2, 2020

တူရကီနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှစ၍ IS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိသည့် ပြည်ပအကြမ်းဖက်သမား ၁၅၀ ခန့်အား ၎င်းတို့၏ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း

 

၁၂။         တူရကီနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှစ၍ IS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိသည့် ပြည်ပအကြမ်းဖက်သမား ၁၅၀ ခန့်အား ၎င်းတို့၏ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် တူရကီနိုင်ငံရှိ အကျဉ်းထောင် များ၌ ပြည်ပအကြမ်းဖက်သမား ၁,၂၀၀ ခန့်ရှိပြီး ၎င်းတို့အား ဆီးရီးယားနိုင်ငံမြောက်ပိုင်း တွင် ပြုလုပ်လျက်ရှိသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးထိုးစစ်ဆင်မှုအတွင်း ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပါသည်။ ပြည်ပအကြမ်းဖက်သမားများအား ပြန်လည်လက်ခံသင့်ကြောင်း တူရကီနိုင်ငံက တိုက်တွန်းပြောကြားထားသော်လည်း ဥရောပနိုင်ငံအချို့ကမူ ၎င်းတို့ အား လက်ခံသွားရန် ငြင်းဆိုထားရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment