၁၂။ တူရကီနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁
ရက်မှစ၍ IS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်လျက်ရှိသည့် ပြည်ပအကြမ်းဖက်သမား ၁၅၀ ခန့်အား
၎င်းတို့၏ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက
ဇန်နဝါရီလ
၃ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် တူရကီနိုင်ငံရှိ အကျဉ်းထောင် များ၌ ပြည်ပအကြမ်းဖက်သမား
၁,၂၀၀ ခန့်ရှိပြီး ၎င်းတို့အား ဆီးရီးယားနိုင်ငံမြောက်ပိုင်း တွင် ပြုလုပ်လျက်ရှိသည့်
အကြမ်းဖက်မှုတိုက်ဖျက်ရေးထိုးစစ်ဆင်မှုအတွင်း ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပါသည်။
ပြည်ပအကြမ်းဖက်သမားများအား ပြန်လည်လက်ခံသင့်ကြောင်း တူရကီနိုင်ငံက တိုက်တွန်းပြောကြားထားသော်လည်း
ဥရောပနိုင်ငံအချို့ကမူ ၎င်းတို့ အား လက်ခံသွားရန် ငြင်းဆိုထားရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment