Sputnik; Jan-1 (Wed)
လစ်ဗျားအမျိုးသားတပ်မတော်
(Libyan National Army-LNA) ၏ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ
(Khalifa Haftar) အနေဖြင့် လစ်ဗျားနိုင်ငံ၊ ထရီပိုလီ (Tripoli)
မြို့တွင်ပြုလုပ်လျက်ရှိသော တိုက်ခိုက်မှုများအား ရပ်တန့်သွားမည်ဆိုပါက တူရကီနိုင်ငံသည် ၎င်း၏တပ်ဖွဲ့များကို
လစ်ဗျားနိုင်ငံသို့စေလွှတ် သွားမည်မဟုတ်ကြောင်း တူရကီဒုတိယသမ္မတ ဖူးအက်အိုတေး (Fuat
Oktay) က ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာအနေဖြင့် အဆိုပါဒေသတွင်
ထိုးစစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက တူရကီသည် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုအစိုးရ
(Government of National Accord-GNA) အဖွဲ့၏ တောင်းဆိုမှုအတိုင်း
၎င်း၏တပ်ဖွဲ့ဝင်များကို လစ်ဗျားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ် ကြောင်း
ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါဒေသသို့ တူရကီတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပါက
၎င်းဒေသတွင် တူရကီနိုင်ငံ၏လုပ်ပိုင်ခွင့်အာဏာသည် တစ်နှစ်သက်တမ်း ရှိပြီး
လိုအပ်ပါက တပ်ဖွဲ့ဝင်များကို ချက်ချင်းစေလွှတ်သွားမည်ဖြစ်ကြောင်း ဖူးအက် အိုတေးက
ပြောကြားခဲ့ပါသည်။
လစ်ဗျားနိုင်ငံသို့
တူရကီတပ်ဖွဲ့ဝင်များစေလွှတ်ရေးကိစ္စနှင့်ပတ်သက်သော ဆုံးဖြတ်ချက်တစ်ခုကို
တူရကီလွှတ်တော်က ဇန်နဝါရီလ ၂ ရက်တွင် ချမှတ်သွားမည် ဖြစ်ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း
တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) က ဒီဇင်ဘာလ ၃၁ ရက်တွင်
ပြောကြားခဲ့ပါသည်။ တူရကီနှင့် GNA အဖွဲ့တို့သည် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေကြောင်းနယ်နိမိတ်သစ်ဆိုင်ရာသဘောတူညီချက်
အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ တူရကီနိုင်ငံသည် LNA
အဖွဲ့ကို တိုက်ခိုက်ရာတွင် စစ်ရေးဆိုင်ရာအကူအညီများပေးအပ်ရန် အဆင်သင့်ဖြစ်နေပြီ
ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဒီဇင်ဘာလ ၂၆
ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment