၈။ ဆလိုဗေးနီးယားဝန်ကြီးချုပ် မာဂျန်ဆာရက်
(Marjan Sarec) သည် ဇန်နဝါရီလ ၂၇ ရက်တွင် ရာထူးမှနုတ်ထွက်ကြောင်းနှင့်
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တောင်းဆို ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့ပါသည်။ ဆာရက်အနေဖြင့်
လူနည်းစု အစိုးရ၏ လက်ရှိဖွဲ့စည်းပုံအတွင်း ၎င်း၏ရည်မှန်းချက်များ အောင်မြင်စွာဆောင်ရွက်
နိုင်ခြင်းမရှိသောကြောင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်
ဂျူဘ်ဂျာနာ (Ljubljana) ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အတိုက်အခံလက်ယာယိမ်းပါတီ၏ ထောက်ခံမှု ဆုံးရှုံးခဲ့ပြီးနောက် ဆာရက်ဦးဆောင်သည့် အာဏာရဗဟိုလက်ယာယိမ်းလူနည်းစု ညွန့်ပေါင်းအစိုးရသည် လွှတ်တော်တွင် အမတ်နေရာ ၉၀ ရှိသည့်အနက်
၄၃ နေရာမျှသာ ကျန်ရှိတော့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment