Friday, February 14, 2020

တူရကီသမ္မတသည် ပါကစ္စတန်သို့ ချစ်ကြည်ရေးခရီးသွားရောက်လျက်ရှိခြင်း

 Geo; Feb-14 (Fri)

              တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပါကစ္စတန်နိုင်ငံသို့ နှစ်ရက်ကြာချစ်ကြည်ရေးခရီးရောက်ရှိ လာခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြခဲ့ကြပါသည်။ ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်း (Imran Khan) နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် နော်ခန် (Noor Khan) လေဆိပ်တွင် တူရကီသမ္မတနှင့် ဇနီးဖြစ်သူ အီမိုင်းအာဒိုဂန်တို့အား သွားရောက်ကြိုဆို ခဲ့ကြပါသည်။ ထို့နောက် ပါကစ္စတန်ဝန်ကြီးချုပ်သည် တူရကီသမ္မတအား ကိုယ်တိုင် ကားမောင်း၍ ဝန်ကြီးချုပ်အိမ်တော်သို့ ခေါ်ဆောင်ခဲ့ပါသည်။

          တူရကီသမ္မတသည် ဝန်ကြီးချုပ်အိမ်တော်သို့ရောက်ရှိစဉ် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုမှုကိုခံယူခဲ့ပါသည်။ တူရကီသမ္မတနှင့် အတူလိုက်ပါလာသည့် တူရကီစီးပွားရေး လုပ်ငန်းရှင်များသည် ပါကစ္စတန်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ဖေဖော်ဝါရီလ     ၁၃ ရက်တွင် အပြန်အလှန်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပါကစ္စတန်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီသမ္မတသည် ဖေဖော်ဝါရီလ ၁၄ ရက်တွင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတစ်ခုတွင်လည်း မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment