တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံရှိ အိုင်ဒဲလစ်စီရင်စုအား ထိန်းချုပ်ရန် အတွက် တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်လျက်ရှိကြောင်း တူရကီကာကွယ်ရေးဝန်ကြီး
ဟူလူဆီအက်ကာ (Hulusi Akar) က ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ်စီရင်စုအတွင်း
အပစ်အခတ်ရပ်စဲရေးထိန်းသိမ်းရန်အတွက် တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခြင်းဖြစ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးချိုးဖောက်သူများအပေါ် စစ်ရေး အင်အားဖြင့် တုံ့ပြန်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် အိုင်ဒဲလစ်စီရင်စုရှိ တူရကီစောင့်ကြည့်ရေးစခန်းများသည်လည်း
အဆိုပါ အခြေအနေများကို ထိန်းချုပ်ရာတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင်များတိုးမြှင့်ချထားခြင်း၏
ရည်ရွယ်ချက်သည် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးရရှိရန်ဖြစ်ကြောင်း ဟူလူဆီအက်ကာက ပြောကြားခဲ့သည်ဟု
သိရှိရ ပါသည်။
No comments:
Post a Comment