Xinhua; Feb-4(Tue)
ဥရောပပါလီမန်အနေဖြင့်
အယ်လ်ဘေးနီးယားနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ အကြား အယ်လ်ဘေးနီးယားနိုင်ငံ၏ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးဆိုင်ရာ
ဆွေးနွေးမှုများပြုလုပ်ခြင်းအပေါ် ထောက်ခံကြောင်း ဥရောပပါလီမန်ဉက္ကဋ္ဌ ဒေးဗစ် ဆာဆိုလီ
(David Sassoli)က ဖေဖော်ဝါရီလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အကုန်တွင် အယ်လ်ဘေးနီးယားနှင့် ဥရောပသမဂ္ဂတို့အကြား
အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးဆိုင်ရာဆွေးနွေးမှုများ နှောင့်နှေးခဲ့ရာ အယ်လ်ဘေးနီးယားနိုင်ငံသို့ ၂ ရက်ကြာ တရားဝင်ခရီးရောက်ရှိနေသည့်
ဆာဆိုလီက ဆွေးနွေးပွဲများပြန်လည်စတင်သင့် ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ အယ်လ်ဘေးနီးယား နိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးလုပ်ဆောင်ချက်အပေါ်
မထောက်ခံခြင်းနှင့်စပ်လျဉ်း၍ အယ်လ်ဘေးနီးယားပြည်သူများအတွက်
စိတ်အနှောင့်အယှက်ဖြစ်ပေါ်နေမှုကို နားလည် သော်လည်း ၎င်းပြည်သူများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးကို မျှော်လင့်နေဆဲ
ဖြစ်သည်ကို သိရှိပါကြောင်း ဆာဆိုလီက ပြောကြားခဲ့ပါသည်။
No comments:
Post a Comment