Xinhua; 4-Feb(Tue)
ရိုမေနီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ
တီရိုဒါမီလက်စ်ကာနု (Teodor Melescanu) သည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၎င်း၏ရာထူးနေရာအတွက်
ရွေးချယ်ခံခဲ့ရမှု အပေါ် အခြေခံဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း
ဆုံးဖြတ်ခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၃ ရက်က
ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့ပါသည်။ မီလက်စ်ကာနုက ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း
မိမိအနေဖြင့် နုတ်ထွက်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းအနေဖြင့် အခြေခံ ဥပဒေခုံရုံးနှင့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီဝင်များ (Social
Democratic Group) ၏ လုပ်ထုံးလုပ်နည်းအရ ဝင်ရောက်အရွေးခံခဲ့ခြင်းဖြစ်ပြီး
အထက်လွှတ်တော်၏ စည်းမျဉ်း နှင့်အညီ မဲအများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ အထက် လွှတ်တော်တွင် နေရာအများဆုံးရရှိထားသည့်
အတိုက်အခံဆိုရှယ်ဒီမိုကရက်တစ် ပါတီ၏ ယာယီဥက္ကဋ္ဌ
မာဆယ်ဆီရိုလာကူ(Marcel Ciolacu) က အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ တီတက်စ်ကော်လာတီးန်(Titus
Corlatean) အား အခြေခံဥပဒေခုံရုံးမှ တရားဝင်ထုတ်ပြန်ချက်မရမီ မီလက်စ်ကာနုနေရာတွင် ကြားဖြတ်အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ်ဆက်ခံရန် ထောက်ခံပါကြောင်း ကြေညာခဲ့ပါသည်။
No comments:
Post a Comment