၉။ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားဒုက္ခသည်များ ဥရောပသို့ဝင်ရောက်လာခြင်းကို ဆက်လက်တားဆီးသွားမည်မဟုတ်ကြောင်း တူရကီအစိုးရထိပ်တန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားတပ်ဖွဲ့ဝင်များက သူပုန်များသိမ်းပိုက်ထားသောနယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ဆီးရီးယားပြည်သူ ၁ သန်း ခန့်သည် တူရကီနယ်စပ်အနီးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ အိုင်ဒဲလစ်စီရင်စုမှ ဒုက္ခသည်များထပ်မံဝင်ရောက်လာနိုင်ဖွယ်ရှိသောကြောင့် တူရကီရဲတပ်ဖွဲ့၊ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် နယ်စပ်လုံခြုံရေးအရာရှိများအား မြေပြင်နှင့်ပင်လယ်ပြင်တို့ရှိ နယ်စပ် ဖြတ်ကျော်ရာနေရာများမှ ဖယ်ရှားပေးသွားရန် ညွှန်ကြားထားကြောင်း အဆိုပါ တူရကီ အရာရှိက ပြောကြားခဲ့ပါသည်။ တူရကီ၏ အဆိုပါခြိမ်းခြောက်ပြောကြားမှုကြောင့် အိုင်ဒဲလစ်ပဋိပက္ခအတွင်း ဥရောပမှအင်အားကြီးနိုင်ငံများ လျင်မြန်စွာပါဝင်လာနိုင် ကြောင်း သိရှိရပါသည်။
No comments:
Post a Comment