၁၅။ ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စုနှင့်ပတ်သက်သည့် သတင်းအချက်အလက် များကိုဖလှယ်ရန် တူရကီနိုင်ငံ၏တောင်းဆိုမှုကြောင့် နေတိုးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ တူရကီ အနေဖြင့် နေတိုးအဖွဲ့တည်ထောင်မှုဆိုင်ရာ သဘောတူစာချုပ်၏ အပိုဒ်ခွဲ ၄ အရ အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံမှ သံအမတ်များအားလုံးပါဝင်သည့် အစည်းအဝေးတစ်ရပ်ကျင်းပ သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့၏ ဝဘ်ဆိုက်၌ ဖော်ပြထားပါသည်။ အဆိုပါအပိုဒ်ခွဲ ၄ အရ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးသည် ၎င်းတို့၏လုံခြုံရေးကို ခြိမ်းခြောက်ခံနေရ သည်ဟု ယုံကြည်ရပါက နေတိုးမိတ်ဖက်နိုင်ငံများနှင့် စေ့စပ်ဆွေးနွေးရန် တောင်းဆို နိုင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment