BulgarianMilitary;May-3(Sun)
ဆိုက်ပရပ်စ်နိုင်ငံသည်
အမေရိကန်၏ ဖိအားပေးမှုများကြောင့် ၎င်း၏ဆိပ်ကမ်း များသို့ ရုရှားစစ်ရေယာဉ်များဝင်ရောက်ခြင်းကို
ပိတ်ပင်သွားရန် ရည်ရွယ်လျက်ရှိကြောင်း BulgarianMilitary
သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဆိုက်ပရပ်စ်အာဏာပိုင်များ အနေဖြင့် ၎င်း၏ဆိပ်ကမ်းများသို့ ရုရှားစစ်သင်္ဘာများဝင်ရောက်ခြင်းကို
ပိတ်ပင်သွား မည်ဆိုပါက အမေရိကန်နိုင်ငံသည်
ဆိုက်ပရပ်စ်အပေါ်ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းသွားရန် ရည်ရွယ်ထားကြောင်း
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo) က ထုတ်ပြန်ကြေညာခဲ့ပါသည်။
အမေရိကန် နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများ လျှော့ချသွားမည့်အပေါ် စိတ်ဝင်စားလျက်ရှိသော
ဆိုက်ပရပ်စ်သည် ရုရှားရေတပ်မှ စစ်ရေယာဉ်များဝင်ရောက်မှုအတွက် ၎င်း၏ ဆိပ်ကမ်းများကို
ပိတ်သိမ်းသွားနိုင်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားပါ သည်။
အမေရိကန်နိုင်ငံသည်
ဆိုက်ပရပ်စ်အပေါ် ထိုကဲ့သို့ဖိအားပေးသည့်နည်းလမ်း များ ဆောင်ရွက်ခြင်းအားဖြင့်
မြေထဲပင်လယ်နှင့်ဒေသတွင်း၌ ရုရှားနိုင်ငံ၏ စစ်ရေး စွမ်းရည်တည်ဆောက်မှုကိုထိန်းညှိနိုင်ရန်၊
အထူးသဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းသို့ ခရုဇ်ဒုံးကျည်များတပ်ဆင်ထားသည့်စစ်ရေယာဉ်များ
ပုံမှန်စေလွှတ်မှုကိုဟန့်တားရန် ရည်ရွယ်ထားကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့ပါသည်။
ရုရှား စစ်ရေယာဉ်များသည်
ပြီးခဲ့သည့်နှစ်များအတွင်း မြေထဲပင်လယ်ကို ဖြတ်သန်းသွားလာ မှုအတွက်သာ အသုံးပြုလျက်ရှိသော်လည်း လက်ရှိအချိန်၌မူ
မြေထဲပင်လယ်အတွင်း ၎င်းတို့၏စစ်သင်္ဘောများ တပ်ဖြန့်ချထားမှုသည်
သတ်မှတ်ချက်တစ်ခုအတွက် ဖြစ်နိုင် ကြောင်း
စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူအချို့က ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ဆိုက်ပရပ်စ်အာဏာပိုင်များသည် ၎င်း၏ဆိပ်ကမ်းများသို့
ရုရှားစစ်ရေယာဉ်များ ဝင်ရောက်မှုကို ပိတ်ပင်ခြင်းကိစ္စရပ်နှင့်စပ်လျဉ်း၍
တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment