TVn24;
May-7(Thu)
ပိုလန်နိုင်ငံတွင်
လာမည့် မေလ ၁၀ ရက်နေ့၌ ကျင်းပပြုလုပ်မည့် သမ္မတ ရေွးကောက်ပွဲအား ရွှေ့ဆိုင်းသွားရန်
အာဏာရ “ဥပဒေနှင့်တရားမျှတရေး”ပါတီ (Law and Justice-PiS) နှင့် ၎င်း၏မိတ်ဖက်ပါတီတို့အကြား
သဘောတူညီမှုရရှိခဲ့ သည်ဟု ပါတီနှစ်ရပ်လုံးက မေလ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
ပိုလန်နိုင်ငံတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့နှံ့မှုများဖြစ်ပေါ်လျက်
ရှိသော်လည်း အာဏာရ PiS ပါတီအနေဖြင့် သမ္မတရွေးကောက်ပွဲအား သတ်မှတ် ရက်အတိုင်း လုပ်ဆောင်သွားရန်တောင်းဆိုခဲ့မှုကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍
အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပါသည်။ အတိုက်အခံများကမူ အဆိုပါတောင်းဆိုချက် သည် အာဏာရပါတီအနေဖြင့်
ပြည်သူ့ကျန်းမာရေးထက် နိုင်ငံရေးအသာစီးရယူရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြပါသည်။
ထို့ပြင် မိတ်ဖက်ပါတီများက လည်း ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများသည် ညွန့်ပေါင်းအစိုးရအဖွဲ့အပေါ်
ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ပြီး အာဏာရ PiS ပါတီ၏ စာတိုက်မှတစ်ဆင့်မဲပေး ရွေးချယ်မှုအစီအစဉ်သည်
လွှတ်တော်အတွင်းကန့်ကွက်မှုများဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်ဟု ပြောကြားထားပါသည်။
သို့သော် ယခုထွက်ပေါ်လာသောကြေညာချက်သည်
ညွန့်ပေါင်းအစိုးရအဖွဲ့ ပါတီများအကြား သဘောထားကွဲလွဲမှုအား ပြေလျော့စေခဲ့ပါသည်။ ၎င်းကြေညာ
ချက်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လာမည့် မေလ ၁၀ တွင် ကျင်းပမည်အစီ အစဉ်ကိုသာ ရွှေ့ဆိုင်းမည်ဟု
ဖော်ပြထားခြင်းဖြစ်ပြီး ပြန်လည်ကျင်းပမည်ရက်ကိုမူ
ဖော်ပြထား ခြင်းမရှိဘဲ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် အမှန်တစ်ကယ်ကျင်းပမည်ရက် အား
သတ်မှတ်ရက်မတိုင်မီထက် စောလျင်စွာအသိပေးသွားမည်ဖြစ်သည်ဟု ဖော်ပြ ထားပါသည်။ ပိုလန်တွင် အကြိုမဲစစ်တမ်းကောက်ယူမှုအရ လက်ရှိသမ္မတ
အန်ဒရေဇ် ဒူဒါ (Andrzej Duda) အပေါ် လူထုထောက်ခံမှုများရရှိထားရာ
လာမည့်ရွေးကောက်ပွဲ၌ ၎င်းအနေဖြင့် ထပ်မံအနိုင်ရရှနိုင်ဖွယ်ရှိကြောင်းသိရှိရပါသည်။
No comments:
Post a Comment