Saturday, May 9, 2020

တူရကီ TF-X တိုက်လေယာဉ်စီမံကိန်းအတွက် တူရကီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ TAI နှင့် HAVELSAN နည်းပညာကုမ္ပဏီတို့အကြား သဘောတူညီချက်ရရှိခဲ့ခြင်း


Defenseworld; May-3(Sun)
တူရကီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ (Turkish Aerospace Industries- TAI) သည် ပြည်တွင်ထုတ် TF-X တိုက်လေယာဉ်စီမံကိန်း၌ လေယာဉ်တည်ဆောက် ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နည်းပညာသုံး ဆော့ဖ်ဝဲလ်များအား ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် HAVELSAN နည်းပညာကုမ္ပဏီနှင့် သဘောတူ ညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ သဘောတူလက်မှတ်ရေး ထိုးမှုအား တူရကီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်စု အကြီးအကဲ ဒေါက်တာ အစ္စမေလ်းဒီမီအာ (Dr.Ismail Demir) က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်း သဘောတူညီချက်သည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် သဏ္ဍာန်တူလေ့ကျင့်ဆောင်ရွက်နိုင်မည့် ဆော့ဖ်ဝဲလ် များ ပါဝင်မည်ဖြစ်သည်ဟု ၎င်းကထုတ်ဖော်ပြောကြားခဲ့ပါသည်။
             ထို့ပြင် တူရကီအနေဖြင့် အဆိုပါ ပြည်တွင်ထုတ်တိုက်လေယာဉ်စီမံကိန်း အောင်မြင်ပါက ပဉ္စမမျိုးဆက်တိုက်လေယာဉ်များထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု လည်း ၎င်းကထုတ်ဖော်ပြောကြားခဲ့ပါသည်။ TF-X တိုက်လေယာဉ်သည် TAI လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ၎င်းစီမံကိန်းတွင် ဗြိတိန်အခြေစိုက် လေကြောင်း ကုမ္ပဏီဖြစ်သော BAY System ကုမ္ပဏီမှ နည်းပညာထောက်ပံ့မှုများပြုလုပ်လျက် ရှိပါသည်။ တူရကီအစိုးရအနေဖြင့် အဆိုပါ တိုက်လေယာဉ်ပုံစံငယ်အား ၂၀၁၉ ခုနှစ် တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော လေကြောင်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့ပြီး ၎င်းလေယာဉ်များအား ၂၀၂၅ ခုနှစ်တွင် စတင်စမ်းသပ်ပျံသန်းနိုင်ရေးအတွက် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment