Monday, May 4, 2020

News Bar

              တူရကီနှင့်ရုရှားတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ် (Idlib) ပြည်နယ်အတွင်း၌  ကြိမ်မြောက် ပူးတွဲကင်းလှည့်မှုတစ်ခုကို မေလ  ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအနေဖြင့် တူရကီ-ရုရှား သဘောတူညီချက် (TUR-RF Agreement) မူဘောင်များနှင့်အညီ မြေပြင်နှင့်လေတပ်ဖွဲ့ဝင်များအတူပူးပေါင်း၍ အိုင်ဒဲလစ်ပြည်နယ် အတွင်းရှိ M4 အဝေးပြေးလမ်းမကြီးတစ်လျှောက်၌  ကြိမ်မြောက်အဖြစ် ပူးတွဲ ကင်းလှည့်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံပြောကြားခဲ့ပါသည်။ M4 အဝေးပြေးလမ်းမကြီးသည် တူရကီနိုင်ငံတောင်ပိုင်း နယ်စပ်နှင့် ကီလိုမီတာ ၃၀ အကွာ၌တည်ရှိပြီး ဆီးရီးယားနိုင်ငံအတွင်းရှိ အလက်ပို (Aleppo) နှင့် လာတာကီရာ (Latakia) ပြည်နယ်တို့အား ဆက်သွယ်ထားသော အဓိက အရေးပါသည့် အဝေးပြေးလမ်းမကြီးတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment