တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ကာ့ဒ် လူမျိုးစုကာကွယ်ရေးတပ်ဖွဲ့ (Kurdish People’s Protection Units-YPG) မှ အကြမ်းဖက်သမား ၃ ဦးအား သုတ်သင်နိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာန က မေလ ၅ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းအကြမ်းဖက်သမားများ အနေဖြင့် ဘေးကင်းဇုန်အတွင်းသို့ စိမ့်ဝင်ထိုးဖောက်ရန် ကြိုးပမ်းလာမှုကြောင့် မိမိတို့၏ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ချေမှုန်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့် YPG တပ်ဖွဲ့အား ဆီးရီးယားကာ့ဒ်လူမျိုးစုအလုပ်သမားပါတီ (Kurdistan Workers’ Party–PKK) အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံအကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
No comments:
Post a Comment