Monday, May 25, 2020

News Bar


            တူရကီနိုင်ငံသည် ရာမန်ဒန်ဥပုသ်ကာလအတွင်း ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ် (Caracas) မြို့ရှိ အကူအညီလိုအပ်သော မိသားစုများအတွက် ထောက်ပံ့ရေး ပစ္စည်းအထုတ် ၄၀၀ ခန့်အား ပေးပို့ကူညီခဲ့ကြောင်း တူရကီအစိုးရက မေလ ၂၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါထောက်ပံ့ရေးပစ္စည်း အထုတ် ၁ ထုတ်စီတွင် ခေါက်ဆွဲခြောက်၊ ဂျုံမှုန့်၊ ဆန်၊ တူနာငါး၊ ပဲမျိုးစုံ၊ ဆီ၊ ဟင်းရွက်ဆီနှင့် သကြားတို့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရာတွင် လိုအပ်သည့်နှာခေါင်းစည်းနှင့် လက်အိတ် တို့လည်း ပါဝင်ပါသည်။ တူရကီနိုင်ငံ၏ အဆိုပါအကူအညီပေးအပ်မှုအား တူရကီ အေဂျင်စီများမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။ ဗင်နီဇွဲလားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၀၁၀ ဦးရှိပြီး ရောဂါကြောင့်သေဆုံးသူ ၁၀ ဦးရှိကြောင်း သိရှိရပါ သည်။

No comments:

Post a Comment